လုပ်ရန်- သင့်နို့စို့ကလေး၏ မွေးနေ့ကို သူတို့ အသက် ရက် 60 မပြည့်မီ မှတ်ပုံတင်ပါ။ (Register your child's birth within 60 days - Burmese)

၎င်းကို အွန်လိုင်းဖြင့်လုပ်နိုင်ပြီး အခမဲ့ ဖြစ်ပါသည်။ ဆေးရုံသည် ၎င်းကို သင့်အတွက် လုပ်ပေးမည် မဟုတ်ပါ။

သင်သည် မွေးစာရင်းလက်မှတ်ရရှိရန်အတွက် မွေးနေ့ကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။

မွေးစာရင်းလက်မှတ်သည် သင်နှင့်သင့်ကလေးအား အရေးကြီးသော ဝန်ဆောင်မှုများကို ရယူရန်အတွက် အထောက်အကူပြုပါသည်-

  • အစိုးရ ဝန်ဆောင်မှုများနှင့် ထောက်ပံ့ကြေးပေးငွေများ
  • ကျောင်း
  • ဘဏ်စာရင်းများ
  • နိုင်ငံကူးလက်မှတ်
  • ကားမောင်းလိုင်စင်နှင့် အခွန်နံပါတ်

သင် မှတ်ပုံတင်သည့်အခါ သို့မဟုတ် မှတ်ပုံတင်ပြီးနောက် သင် မွေးစာရင်းလက်မှတ်ကို ရနိုင်ပါသည်။ မွေးစာရင်းလက်မှတ်များအတွက် အခကြေး ပေးရပါသည်။

အွန်လိုင်း မှတ်ပုံတင်ပုံစံသည် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်ပြီး အဆင့်အဆင့်အချက်များ အများအပြားရှိပါသည်-

  1. မိဘများအနက် တစ်ဦးသည် ဝက်ဘ်ဆိုက် www.bdm.vic.gov.au/baby သို့ဝင်ရောက်၍ BDM ဖြင့်မှတ်ပုံတင်သည်
    အကြံဥာဏ် ဖုန်းနံပါတ်ရေးသွင်းသည့်အခါ သင့် မိုဘိုင်းဖုန်းနံပါတ်အစ၌ အပေါင်းလက္ခဏာ ‘+’ သင်္ကေတကို ထည့်သွင်းပြီး နိုင်ငံ နံပါတ် (+61 မှာ သြစတြေးလျနိုင်ငံအတွက်) ကိုလည်း ထည့်သွင်းပါ။ ဥပမာ +61430000000 ဖြစ်သည်။
  2. ပုံစံ၏ ပထမအပိုင်းကို ဖြည့်စွက်ပါ။ သင့်နို့စို့ကလေး၊ သင် နှင့် မိဘနောက်တစ်ဦး (သင့်ကြင်ဖော်ဖက်) တို့၏ အသေးစိတ်အချက်အလက်များကို သင့်အား မေးမြန်းပါလိမ့်မည်။
  3. ယင်းနောက် ကျွန်ုပ်တို့သည် မိဘနောက်တစ်ဦး (သင့်ကြင်ဖော်ဖက်) ထံ သူတို့ဖြည့်စွက်ရမည့် အွန်လိုင်းပုံစံအပိုင်းကို ဖြည့်စွက်ခိုင်းရန် ကျွန်ုပ်တို့ အီးမေးလ်ပို့ပါမည်။

    အရေးကြီးသည်။ အကယ်၍ သင့်တွင် လုံခြုံရေး စိုးရိမ်ပူပန်မှုတစ်ခုခု (ဥပမာ- မိသားစုအကြမ်းဖက်မှုနှင့်စပ်လျဉ်း၍) ရှိလျှင် မွေးစာရင်းမှတ်ပုံတင်ခြင်းကို မိဘနောက်တစ်ဦး (သင့်ကြင်ဖော်ဖက်) က အဘယ်ကြောင့် ပါဝင်မလုပ်လိုသည့်အကြောင်း ရှင်းလင်းရေးသားထားသည့် ကျမ်းကျိန်လွှာ (အွန်လိုင်းတွင် ရရှိနိုင်သည်) နှင့်တစ်ပါတည်း တင်သွင်းပါ။

    BDM သည် မိဘနောက်တစ်ဦး (သင့်ကြင်ဖော်ဖက်) ကို ဆက်သွယ်ရန် လိုအပ်ပါမည်။ အကယ်၍ သင်သည် ခြိမ်းခြောက်မှု သို့မဟုတ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားကို တင်ပြလျှင် ကျွန်ုပ်တို့အနေဖြင့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက် တစ်ခုခုကို သင်၏ စာဖြင့်ရေးသားထားသည့် ခွင့်ပြုချက်မရှိဘဲ မိဘနောက်တစ်ဦးထံ ပေးပို့မည်မဟုတ်ပါ။

    အကယ်၍ သင်သည် နောက်ထပ် အကြံဥာဏ် သို့မဟုတ် အကူအညီ လိုအပ်လျှင် သင့်အနေဖြင့် 1300 369 367 ကိုလည်း ဖုန်းခေါ်နိုင်ပါသည်။
  4. မိဘနောက်တစ်ဦးသည် ကျွန်ုပ်တို့ အီးမေးလ်ဖြင့်ပေးပို့လိုက်သော အချိတ်အဆက်လင့်ကို ကလစ်နှိပ်ပြီး သူတို့၏ အွန်လိုင်း အချက်အလက်များကို ဖြည့်စွက်ပေးပါသည်။ ဤသို့ဖြင့် မှတ်ပုံတင်ခြင်း ပြီးဆုံးပါသည်။
  5. မိဘတစ်ဦးစီသည် မိမိတို့၏ ဖြည့်စွက်ရမည့်အပိုင်းကိုဖြည့်စွက်ပြီးသည့်အခါ မွေးစာရင်းလက်မှတ်ကို မှာယူနိုင်ပါသည်။

BDM ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် ဗစ်တိုးရီးယားပြည်နယ်၌ ဘဝအဖြစ်အပျက်များ အသေးစိတ်ကို မှတ်ပုံတင်ပါသည်။ ဤအဖြစ်အပျက်များအတွက် လက်မှတ်များကိုလည်း ကျွန်ုပ်တို့ ထုတ်ပေးပါသည်။

အကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့်စကားပြောဆိုပါ

  • ကလေးမွေးဖွားခြင်းကိုမှတ်ပုံတင်ခြင်းနှင့် မွေးစာရင်းလက်မှတ်များ
  • သေစာရင်းလက်မှတ်များ
  • ထိမ်းမြားလက်ထပ်လက်မှတ်များ
  • ပေါင်းသင်းနေထိုင်ခြင်းကိုမှတ်ပုံတင်ခြင်းနှင့် ပေါင်းသင်းနေထိုင်မှုလက်မှတ်များ
  • Victorian Marriage Registry တွင် လက်ထပ်ခြင်း
  • အမည်ပြောင်းခြင်း
  • လိင်အတည်ပြုပေးခြင်း

ထပ်ဆင့် အချက်အလက်များနှင့် အထောက်အပံ့

ကျွန်ုပ်တို့အား ဖုန်းခေါ်ရန်

1300 369 367 နံနက် 8 နာရီ – ညနေ 4 နာရီ တနင်္လာမှ သောကြာ (အများပြည်သူရုံးပိတ်ရက်မှလွဲ၍)

Justice Service Centres

Justice Service Centres သည် BDM ဝန်ဆောင်မှုများကို ဗစ်တိုးရီးယားပြည်နယ် တစ်ဝန်း ဆောင်ရွက်ပေးပါသည်။ ပိုမိုသော အချက်အလက်များအတွက် သွားရောက်ရန် www.justice.vic.gov.au/service-locations.

သင့်ဘာသာစကားဖြင့် BDM ကိုစကားပြောဆိုရန် ဘာသာပြန်နှင့်စကားပြန် ဝန်ဆောင်မှုဌာန (Translating and Interpreting Service) ကိုဖုန်း 13 14 50 ဖြင့်ခေါ်ပါ။ ၎င်းတို့အား Registry of Births, Deaths and Marriages Victoria ကိုဖုန်း 1300 369 367 ဖြင့်ခေါ်ပေးရန် ပြောပါ။

Updated